| ၂ ရာချုပ် 16:7 - Common Language Bible7 ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-အခန်းကိုကြည့်ပါ။ Garrad Bible7 ထို အ ခါ အ မြော် အ မြင် ဆ ရာ ဟာ နန် သည်၊ ယု ဒ ဘု ရင် အာ သ မင်း ထံ ဝင် လာ၍၊ ဘု ရင် မင်း သည်၊ ကိုယ့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား အား မ ကိုး စား ဘဲ၊ ရှု ရိ ဘု ရင် ကို ကိုး စား သည့် အ တွက်၊ ရှု ရိ ဘု ရင့် အ လုံး အ ရင်း သည်၊ ဘုရင် မင်း လက် တွင်း မှ လွတ် မြောက် လေ စွ တ ကား။အခန်းကိုကြည့်ပါ။ Judson Bible7 ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသောကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီးလက်မှ လွတ်သွားကြပြီ။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။အခန်းကိုကြည့်ပါ။ | 
ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။
ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။-
ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။