ဟေရှာယ 21:11 - Common Language Bible ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။ Garrad Bible ဒု မာ ပြည် ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား၊ အို မြို့ စောင့်၊ ညဉ့် အ ချိန် မည် မျှ နည်း။ အို မြို့ စောင့်၊ ညဉ့် အ ချိန် မည် သို့ နည်း ဟု၊ စိ ရ တောင် ပေါ် မှ ဟစ် သံ သည် ငါ့ ထံ သို့ ရောက် လာ ရာ၊ Judson Bible ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း”ဟု စိရတောင်ပေါ်မှနေ၍ ငါ့ကိုဟစ်ခေါ်လေ၏။ |
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။
ထိုနောက်ထာဝရဘုရားကငါ့အား``သင် သွား၍ကင်းစောင့်တစ်ဦးကိုချထားပြီး လျှင် သူတွေ့မြင်ရသည့်အရာများကို အစီရင်ခံရန်မှာကြားလော့။-
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
``အီဂျစ်ပြည်သည်သဲကန္တာရဖြစ်၍ဧဒုံ ပြည်သည် ပျက်စီးယိုယွင်း၍လူသူကင်းမဲ့သည့် နေရာဖြစ်နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုပြည်တို့သည် ယုဒပြည်ကိုတိုက်ခိုက်၍၊ အပြစ်မဲ့သူတို့အားသတ်ဖြတ်ခဲ့ကြသော ကြောင့်ဖြစ်၏။
ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍ သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။
သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊