ယေဇကျေလ 25:12 - Common Language Bible12 အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ပြန် သည် မှာ၊ ဧ ဒုံ လူ မျိုး သည်၊ ယု ဒ အ မျိုး သား တို့ အား တုံ့ ပြန်၍ လက် စား ချေ သ ဖြင့်၊ ပြစ် ဒဏ် ခံ ထိုက် ရာ ရောက် သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible12 တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။