တောလည် 24:18 - Common Language Bible18 သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍ သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ဣ သ ရေ လ လူ မျိုး ရဲ ရင့် စွာ ပြု သော် ရန် မူ သော ဧ ဒုံ အ မျိုး နှင့် စိ ရ တောင် ကို အ ပိုင် ရ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible18 ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလအမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဧဒုံပြည်သည် သိမ်းယူခြင်းကို ခံရလိမ့်မည်။ စိရပြည်သည် မိမိရန်သူ၏သိမ်းယူခြင်းကို ခံရလိမ့်မည်။ အစ္စရေးလူမျိုးတို့မူကား ရဲစွမ်းသတ္တိနှင့်ပြည့်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-