ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
ဟေရှာယ 16:12 - Common Language Bible မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။ Garrad Bible မော ဘ သည် ကိုယ့် သန့် ရှင်း ရာ ဌာ န သို့ ဝင် ရောက် ပ ဌ နာ ပြု လျက်၊ မြင့် ရာ ဌာ န၌ ကြိုး ပန်း စွာ ဖူး မြော် သော် လည်း အ ကျိုး မဲ့ ဖြစ် လိမ့် မည်။ Judson Bible ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပတ္ထနာပြုအံ့သောငှာ မိမိသန့်ရှင်းရာဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။ မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သားတို့သည် မြင့်ရာအရပ်၌ ဖူးမြော်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံကြသော်လည်း၊ သူတို့၏ဗိမာန်သို့သွား၍ ဆုတောင်းကြသော်လည်း အောင်နိုင်မည်မဟုတ်။ |
ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။
ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ဤဗျာဒိတ်တော်ကားမောဘပြည်နှင့်ပတ် သက်၍စောစောပိုင်းက ထာဝရဘုရားပေး တော်မူခဲ့သောဗျာဒိတ်တော်ဖြစ်ပေသည်။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
သင့်မှာအကြံပေးအရာရှိအမြောက်အမြား ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။
ဤသို့သောရုပ်တုများသည်သခွားခင်းရှိ စာချောက်ရုပ်များနှင့်တူ၍စကားမပြော တတ်ကြ။ သူတို့သည်လမ်းမလျှောက်နိုင်သဖြင့် သူတို့ကို သယ်ဆောင်ပေးရကြ၏။ သူတို့သည်သင်တို့အားဘေးဥပဒ်ကိုလည်း ကောင်း၊ ကောင်းကျိုးကိုလည်းကောင်းမပေးနိုင်ကြ။ သင်တို့သည်သူတို့အားမကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။
ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။
``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။
သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။
သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။