Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 22:41 - Common Language Bible

41 နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 နံ နက် အ ချိန်၌ ဗာ လက် မင်း သည် ဗာ လမ် ကို ဗာ မုတ် ဗာ လ ကုန်း သို့ ခေါ် ဆောင် သ ဖြင့် ဣ သ ရေ လ လူ မျိုး၏ တပ် စွန် တပ် ဖျား ကို ပြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 နက်​ဖြန်​နေ့၌ ဗာ​လက်​မင်း​သည် ဗာ​လမ်​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင်​ပြ​ခြင်း​ငှာ ဗာ​လ​ဘု​ရား​နှင့်​ဆိုင်​သော ကုန်း​ရိုး​ပေါ်​သို့ ပို့​ဆောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 နောက်တစ်နေ့​နံနက်​တွင် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို​ခေါ်​၍ ဗာမုတ်ဗာလ​ကုန်းမြင့်​ပေါ်သို့​တက်သွား​ကြ​၏​။ ထို​နေရာ​မှ အစ္စရေး​လူမျိုး​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို တွေ့မြင်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 22:41
9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-


မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-


ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။


တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။


ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။


ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။


ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-


သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ