ဟေရှာယ 26:16 - Common Language Bible16 အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 အို ထာ ဝ ရ ဘု ရား၊ ဒု က္ခ ရောက် သည့် ကာ လ၊ ကိုယ် တော် ကို လိုက် ရှာ ကြ ပါ ပြီ။ ဆုံး မ တော် မူ သော အ ခါ၊ ပ ဌ နာ ပြု ကြ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible16 အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသောအခါ၊ ဆုတောင်းပတ္ထနာစကားကို သွန်းလောင်းကြပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အို ထာဝရဘုရား၊ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ကိုရှာကြပါ၏။ ကိုယ်တော်သည် သူတို့ကိုဆုံးမပဲ့ပြင်တော်မူသောအခါ သူတို့သည် ဆုတောင်းပတ္ထနာပြုကြပါ၏။ အခန်းကိုကြည့်ပါ။ |
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-