ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
ဟေဗြဲ 7:22 - Common Language Bible ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။ Judson Bible သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသစ္စာပြုခြင်းကြောင့် ယေရှုသည် ပို၍ကောင်းသောပဋိညာဉ်၏ အာမခံဖြစ်လာ၏။ |
ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
ထို့အပြင်ကျွန်တော်သည်သူငယ်အတွက်ဖခင် ထံ၌အာမခံခဲ့သူပင်ဖြစ်ပါသည်။ ကျွန်တော် က`သူငယ်ကိုဖခင်ထံသို့ပြန်၍မခေါ်ဆောင်ခဲ့ လျှင်ကျွန်တော်သည်တစ်သက်လုံးအပြစ်ခံ ပါရစေ' ဟုဖခင်အားကတိပေးခဲ့ပါသည်။-
ကိုယ်တော်ရှင်၏အစေခံအား ကူမတော်မူမည်ဟူသောကတိတော်ကို ပေးတော်မူပါ။ ကွန်တော်မျိုးကိုဖိနှိပ်ရန်မာန်မာနကြီး သူတို့အား ခွင့်ပြုတော်မမူပါနှင့်။
မကျွမ်းသောသူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ။
ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။-
ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။