လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
ဟေဗြဲ 6:11 - Common Language Bible သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။- Garrad Bible သင် တို့ အ သီး အ သီး သည် ဆုံး ခန်း တိုင် စုံ လင် သော မျှော် လင့် ခွင့် ရ အံ့ သော ငှာ ထို မျှ လောက် အား ကြီး သော စိတ် ကို ပြ လျက်၊ Judson Bible သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တစ်ဦးစီတိုင်းသည် အဆုံးတိုင်အောင် စိတ်အားထက်သန်မှုကို ယခုအတိုင်း ပြသနိုင်ရန် ကျွန်ုပ်တို့အလိုရှိ၏။ သို့မှသာ သင်တို့မျှော်လင့်သည့်အရာကို အသေအချာ ရရှိနိုင်လိမ့်မည်။ |
လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါးတို့ကို အားပေးနိုင်စွမ်းဖြစ်ပါကအားပေးကြရမည်။ ပေးကမ်းဝေမျှသူသည်ရက်ရောစွာပေးကမ်း ဝေမျှရမည်။ အာဏာရှိသူသည်လုံ့လထုတ်၍ အလုပ်လုပ်ရမည်။ သူတစ်ပါးတို့အားသနား ကြင်နာမစသူသည်ရွှင်လန်းဝမ်းမြောက်စွာ ကူညီမစရမည်။
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။-
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-
သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။-
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့ကိုဘုရားသခင် ခေါ်ယူရွေးချယ်တော်မူခြင်းကိုတည်မြဲစေရန် ပို၍ပင်ကြိုးစားကြပါမူသင်တို့သည်အဘယ် အခါမျှ မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည်မဟုတ်။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့သည်ထိုနေ့ရက် ကိုစောင့်မျှော်လျက်နေကြစဉ် ဘုရားသခင် ၏ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း အပြစ်ကင်းစေရန်လည်းကောင်း၊ ကိုယ်တော် နှင့်ငြိမ်းချမ်းမှုရရှိ၍နှစ်သက်လက်ခံဖွယ် ဖြစ်စေရန်လည်းကောင်း အစွမ်းကုန်ကြိုးစား အားထုတ်ကြလော့။-
ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။-
သို့ဖြစ်၍ဤနည်းအားဖြင့်ငါတို့သည်သမ္မာ တရားနှင့်ဆိုင်သူများဖြစ်ကြောင်းသိရှိနိုင် မည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင်လည်း စိတ်ချခွင့်ကိုရရှိကြလိမ့်မည်။-
အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။