ဖိလိပ္ပိ 3:15 - Common Language Bible15 ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ဖြစ်၍ စုံ လင် သ မျှ သော ငါ တို့ သည် ထို သို့ သ ဘော ထား ကြ ကုန် အံ့။ မည် သည့် အ ရာ၌ မ ဆို သင် တို့ သည် သ ဘော တစ် မျိုး ထား လျင် ထို အ ရာ ကို ပင် ဘု ရား သ ခင် ဖွင့် ပြ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုကြောင့် စုံလင်သောသူ ရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစ်စုံတစ်ခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင် ဖော်ပြတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် စုံလင်ရင့်ကျက်သောသူရှိသမျှတို့သည် ဤသို့သောစိတ်သဘောရှိသင့်၏။ သင်တို့၌ ခြားနားသောစိတ်သဘောတစ်စုံတစ်ခုရှိလျှင်လည်း ဘုရားသခင်သည် ထိုအရာကိုပင် သင်တို့အား ဖော်ပြတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော ကျွန်ုပ်တို့အားလုံးသည် ဤစိတ်သဘောထားမျိုး ရှိသင့်၏။ အကယ်၍ အချို့သောအကြောင်းအရာများ၌ မတူညီသောစိတ်သဘောထားရှိလျှင် ဘုရားသခင်သည် ရှင်းလင်းဖော်ပြတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ငါသည်သင်တို့ကို ယနေ့တိုင်အောင် ယုံကြည်စိတ်ချခြင်းရှိ၏။ ငါနှင့်သင်တို့သည် သခင်ဘုရား၌တစ်လုံးတစ်ဝတည်းဖြစ်ကြ သဖြင့် သင်တို့သည်ကွဲလွဲသောအယူကို လက်ခံကြလိမ့်မည်မဟုတ်ဟု ငါယုံကြည် စိတ်ချ၏။ သို့ရာတွင်သင်တို့အားနှောင့်ယှက် သူမည်သူမဆို ဘုရားသခင်၏အပြစ်ဒဏ် ခတ်တော်မူခြင်းကိုခံရမည်။
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။