Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက် 4:10 - Common Language Bible

10 အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မာ ကေ ဒေါ နိ ပြည် တစ် ဝှမ်း လုံး ရှိ ညီ အစ် ကို ခပ် သိမ်း တို့ ကို ချစ် ကြ ပေ၏။ သို့ ရာ တွင် ညီ အစ် ကို တို့ ထို ထက် ချစ် ကြ စေ ရန် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​မျှ​မ​က၊ မာ​ကေ​ဒေါ​နိ​ပြည်​တွင် အ​ရပ်​ရပ်၌​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို ထို​သို့​ပြု​ကြ၏။ သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း​နှင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အမှန်စင်စစ် သင်​တို့​သည် မာကေဒေါနိ​ပြည်​တစ်ဝန်းလုံး​ရှိ ညီအစ်ကို​အားလုံး​တို့​အပေါ် ထို​မေတ္တာ​ကို​ပြ​ကြ​ပြီ။ သို့ရာတွင် ညီအစ်ကို​တို့၊ ထို​မေတ္တာ​ကို ပို၍​ပြည့်စုံ​စွာ​ပြ​ကြ​ရန်​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အမှန်စင်စစ် သင်တို့​သည် မာကေဒေါနိပြည်​အရပ်ရပ်​၌ နေထိုင်ကြသော ညီအစ်ကို​မောင်နှမတို့​ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကို​မောင်နှမတို့… ထို​ထက်မက ပို၍​ချစ်ကြ​ရန် ကျွန်ုပ်တို့​သည် သင်တို့​ကို တိုက်တွန်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 4:10
14 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။-


သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။-


သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။-


မိ​မိ​တို့​အ​ချင်း​ချင်း​နှင့်​လူ​ခပ်​သိမ်း​တို့ အ​ပေါ် သင်​တို့​ထား​ရှိ​သော​မေတ္တာ​သည် သင် တို့​အ​ပေါ် ငါ​တို့​ထား​ရှိ​သည့်​မေတ္တာ​တ​မျှ ကြီး​မား​လာ​စေ​ရန် သင်​တို့​အား​သ​ခင် ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ​သော။-


ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။-


ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-


သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။


သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ