အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
ဟေဗြဲ 10:23 - Common Language Bible ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။- Garrad Bible က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊ Judson Bible မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။
သို့ရာတွင်သခင်ဘုရားသည်သစ္စာတော်အရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့အားကြံ့ခိုင် စေ၍မာရ်နတ်၏ဘေးမှကာကွယ်တော်မူလိမ့်မည်။-
ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-
သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။-
ငါသည်မကြာမီကြွလာမည်။ သင်၏ဆု သရဖူကိုအဘယ်သူမျှမလုမယူနိုင်စေရန် သင်ရရှိထားသောအရာကိုလုံခြုံစွာထိန်း သိမ်း၍ထားလော့။-