ယာကုပ် 1:6 - Common Language Bible6 သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible6 သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ သံသယစိတ်ရှိသောသူသည် လေတိုက်၍ လှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့် တူ၏။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။