သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
ဟောရှေ 12:13 - Common Language Bible ထာဝရဘုရားသည်ဣသရေလပြည် သားတို့အားကျွန်ခံရာအီဂျစ်ပြည်မှ ထုတ်ဆောင်ရန်နှင့်စောင့်ရှောက်ရန်ပရောဖက် တစ်ပါးကိုစေလွှတ်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ပ ရော ဖက် အား ဖြင့် အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ ပ ရော ဖက် အား ဖြင့် စောင့် ထိန်း တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ ပရောဖက်အားဖြင့်လည်း စောင့်မတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ပရောဖက်အားဖြင့် အစ္စရေးကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ ပရောဖက်အားဖြင့် စောင့်ရှောက်တော်မူခဲ့၏။ |
သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-