Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟော​ရှေ 2:15 - Common Language Bible

15 သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 တော အ ရပ်၌ ပင်၊ စ ပျစ် ခြံ များ နှင့် တ ကွ၊ စောင့် မျှော် ရာ ပြန် ဝင် ပေါက် အ ဖြစ်၊ အာ ခေါ် ချိုင့် ကို ပေး သ နား မည့် အ လျောက်၊ ငယ် ရွယ် စဉ် အိ ဂျစ် ပြည် မှ ထွက် လာ သည့် အ ခါ ကဲ့ သို့ သူ ပြန် လှည့် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို​အရပ်​တွင် သူ့​စပျစ်ခြံ​ကို ငါ​ပြန်ပေး​မည်​။ အာခေါ်​ချိုင့်ဝှမ်းလွင်ပြင်​ကို မျှော်လင့်ရာ​တံခါး ဖြစ်​စေ​မည်​။ သူ​သည် ငယ်ရွယ်​စဉ်က​ကဲ့သို့​၊ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ်က​ကဲ့သို့ ငါ့​ကို ပြန်​ဆက်ဆံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 2:15
33 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထို​မြို့ တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား​ဤ​သ​တင်း စ​ကား​ကို​ပြန်​ကြား​လော့။'' သင်​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​အ​ဘယ်​သို့ သစ္စာ​ရှိ​ခဲ့​ကြ​သည်​ကို​ငါ​သ​တိ​ရ​၏။ သင်​သည်​သ​တို့​သ​မီး​ကဲ့​သို့​ငါ့​ကို​ချစ်​ခဲ့​၏။ သင်​တို့​သည်​စိုက်​ပျိုး​ခြင်း​မ​ရှိ​သော တော​ကန္တာ​ရ​တစ်​လျှောက်​လုံး​ကို​ဖြတ်​၍ ငါ​၏​အ​နောက်​သို့​လိုက်​ခဲ့​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​ငယ်​စဉ်​က​ငါ​သည်​သူ့​ကို​ချစ်​၍၊ ငါ​သည်​သူ့​ကို​သား​အ​ဖြစ်​နှင့်​အီ​ဂျစ်​ပြည်​မှ ခေါ်​ဆောင်​ခဲ့​၏။


သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။


အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-


ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။-


ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။


သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-


သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။


``နောက်​တစ်​ဖန်​ငါ​သည်​သင်​၏​အ​နီး​ဖြတ်​သန်း လာ​ပြန်​၏။ ထို​အ​ခါ​သင်​သည်​ချစ်​စိတ်​ဝင်​ရန် အ​ရွယ်​ရောက်​ပြီ​ဖြစ်​ကြောင်း​ကို​ငါ​တွေ့​ရှိ​သ ဖြင့် ငါ​သည်​အ​ဝတ်​ချည်း​စည်း​ရှိ​သော​သင်​၏ ကိုယ်​ကို​ငါ​၏​အ​ဝတ်​ဖြင့်​ဖုံး​လွှမ်း​ပေး​ကာ​သင့် အား​ချစ်​ပါ​မည်​ဟု​က​တိ​ထား​ပြီး​လျှင် သင် နှင့်​ပ​ဋိ​ညာဉ်​ပြု​သ​ဖြင့်​သင်​သည်​ငါ​၏ ဇ​နီး​ဖြစ်​လာ​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။


လူ​တို့​သည်​အိမ်​များ​ကို​တည်​ဆောက်​၍​မိ​မိ တို့​ကိုယ်​တိုင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ထို​အိမ် များ​တွင်​မ​ဆိုင်​သူ​များ​နေ​ရ​မည်​မ​ဟုတ် ပေ။ လူ​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက် ပျိုး​၍​စ​ပျစ်​သီး​များ​ကို​စား​ရ​ကြ​လိမ့် မည်။-


အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။ မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။


သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။


ထို​အ​ခါ​ကိုယ်​တော်​၏​လူ​စု​တော်​သည်​က​တိ​တော်​ကို ယုံ​ကြည်​ကြ​လျက် ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​၏။


ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊- ``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။


သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။


သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။


သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-


ဣ​သ​ရေ​လ၊သင်​ငယ်​စဉ်​အ​ခါ​မှ​စ​၍ ရန်​သူ​များ​သည် သင့်​ကို​အ​ဘယ်​သို့​ရက်​စက်​စွာ​ညှဉ်း​ဆဲ နှိပ်​စက်​ကြ​ကြောင်း​ကို​ငါ​တို့​အား​ဖော်​ပြ​လော့။


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-


``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-


သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည် သား​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ရန်​နှင့်​စောင့်​ရှောက်​ရန်​ပ​ရော​ဖက် တစ်​ပါး​ကို​စေ​လွှတ်​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​တွင်​ငါ​မှ​တစ်​ပါး​အခြား​သော ဘု​ရား​မ​ရှိ၊ ငါ​တစ်​ပါး​တည်း​သာ​သင် တို့​၏​ကယ်​တင်​ရှင်​ဖြစ်​၏။-


မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-


သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ