Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 12:14 - Common Language Bible

14 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ခါး​သီး​စွာ​အ​မျက်​ဒေါ​သ ထွက်​စေ​၏။ သူ​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့်​သေ​ဒဏ်​ခံ​သင့်​ကြ​၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​ကြောင့် ကိုယ်​တော်​သည်​သူ​တို့ ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဧ ဖ ရိမ် သည် ပြင်း ထန် သော အ မျက် တော် ကို ထိုက် သည့် အ တိုင်း၊ သွေး သွန်း မှု ကို လည်း ကောင်း၊ ကဲ့ ရဲ့ မှု ကို လည်း ကောင်း၊ သူ့ အ ရှင် ဘု ရား တင် ဆပ် တော် မူ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဧ​ဖ​ရိမ်​သည် အ​မျက်​တော်​ကို အ​လွန်​နှိုး​ဆော်​လေ​ပြီ။ ထို​ကြောင့်၊ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သူ၌ ရောက်​လိမ့်​မည်။ သူ​ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ၏​သ​ခင်​သည် ပြန်​ပေး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဧဖရိမ်​သည် အမျက်​တော်​ကို​အကြီးအကျယ်​နှိုးဆွ​လေ​ပြီ​။ ထို့ကြောင့် သူ​၏​အရှင်​သည် သူ​၏​လူသတ်​ခြင်း​အပြစ်​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။ သူ​ကဲ့ရဲ့ပြစ်တင်​ခဲ့​သည်​များ​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 12:14
16 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။


``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-


သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။


သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။-


ထို​နောက်​သူ​သည်​ပင်​လယ်​အ​နီး​ရှိ​တိုင်း​နိုင်​ငံ တို့​ကို​တိုက်​ခိုက်​၍ များ​စွာ​သော​နိုင်​ငံ​တို့​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သို့​သော်​လည်း​တိုင်း တစ်​ပါး​မှ​စစ်​သူ​ကြီး​တစ်​ဦး​သည် သူ့​အား နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​၏​မာန်​မာ​န ကို​လည်း​ချိုး​နှိမ်​လိုက်​လိမ့်​မည်။ ဆီး​ရီး​ယား ဘု​ရင်​အား​သူ​၏​မာန်​မာ​န​အ​တွက်​အ​ရှက် ကွဲ​စေ​လိမ့်​မည်။-


သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-


သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။


သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​သား​ချင်း ထဲ​မှ ငါ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ကို စေ​လွှတ်​တော်​မူ​မည်​ဖြစ်​ရာ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။''


ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-


သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ