ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
သူကြီး 9:9 - Common Language Bible သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။- Garrad Bible သံ လွင် ပင် က၊ ဘု ရား သ ခင်၌လည်း ကောင်း၊ လူ၌ လည်း ကောင်း၊ ဂုဏ် ရ စေ သော ငါ့ အ ဆီ အ နှစ် ကို စွန့် ပယ် လျက် သစ် ပင် တ ကာ တို့ အ ထက်၌ လှုပ် ရှား ရန် သွား သင့် ပါ သ လော ဟု ပြန် ဆို၏။ Judson Bible သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သံလွင်ပင်က ‘ဘုရားနှင့် လူတို့ကို ဂုဏ်ပြုချီးမွမ်းရာတွင် သုံးကြသော ငါ့အဆီကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ပြန်ပြော၏။ |
ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊-
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-
သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
ထိုအခါသစ်ပင်တို့သည်သင်္ဘောသဖန်းပင်ထံ သို့သွား၍`ငါတို့အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုတောင်းပန်ကြ၏။-
အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-