ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
သူကြီး 8:28 - Common Language Bible သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။ Garrad Bible ထို သို့ မိ ဒျန် လူ မျိုး သည် ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် နိမ့် ကျ သ ဖြင့် နောက် တစ် ဖန် ခေါင်း မ ထောင် ဝံ့ ချေ။ တစ် ပြည် လုံး လည်း ဂိ ဒေါင့် လက် ထက် ပတ် လုံး အ နှစ် လေး ဆယ် တိုင် တိုင် ငြိမ်း ချမ်း လေ သ တည်း။ Judson Bible ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာရှုံး၍၊ နောက်တစ်ဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင်လက်ထက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် မိဒျန်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ကြပြီး နောက်တစ်ဖန် ခေါင်းမထောင်ကြတော့ချေ။ ထိုအချိန်မှစ၍ ဂိဒေါင်အသက်ရှင်စဉ် အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်ငြိမ်းချမ်းလေ၏။ |
ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။
ထိုနေ့၌မောဘအမျိုးသားတို့အားဣသ ရေလအမျိုးသားတို့ကနှိမ်နင်းအောင်မြင် ပြီးနောက် တိုင်းပြည်တွင်နှစ်ပေါင်းရှစ်ဆယ် တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-