Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 83:2 - Common Language Bible

2 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သောင်း ကျန်း ထ​ကြွ​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​မုန်း​သော​သူ​တို့​သည် တော်​လှန်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ရန် သူ တို့ သည် ရုန်း ရင်း ခတ် ပြု၍၊ မုန်း ထား သူ တို့ လည်း ခေါင်း မော် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ကိုယ်​တော်၏​ရန်​သူ​တို့​သည် ရုန်း​ရင်း​ခတ်​ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ထ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အကြောင်းမူကား ကိုယ်တော်​၏​ရန်သူ​တို့​သည် ဆူပူသောင်းကျန်း​ကြ​ပြီး ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ခေါင်း​ထောင်​လာ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 83:2
22 ပူးပေါင်းရင်းမြစ်များ  

သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့​ကို ငါ​ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို နှာ​ကွင်း​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင် လာ​လမ်း​အ​တိုင်း ပြန်​စေ​မည်'' ဟူ​၍​တည်း။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ဆိတ်​ဆိတ်​နေ​တော် မ​မူ​ပါ​နှင့်။


ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။


ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။


ငါ့​ကို​မုန်း​သော​သူ​တို့​သည်​ငါ့​ရှေ့​၌ ကြောက်​ရွံ့​ပျပ်​ဝပ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။ သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။


တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-


သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-


သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''


ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။


လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။ အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။-


သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-


တစ်​မြို့​လုံး​သည်​ရှုပ်​ယှက်​ခတ်​ဖြစ်​လျက် လူ​တို့ သည်​ပြေး​၍​လာ​ပြီး​လျှင်​ပေါ​လု​ကို​ဖမ်း​ဆီး ကာ ဗိ​မာန်​တော်​အ​ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။ ထို​နောက်​ချက်​ချင်း​ဗိ​မာန်​တော်​တံ​ခါး​များ ကို​ပိတ်​လိုက်​ကြ​၏။-


လူ​တို့​သည်​ဤ​မျှ​ကြာ​အောင်​နား​ထောင်​နေ ကြ​ပြီး​နောက် ဤ​သို့​ပေါ​လု​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ ``ဤ​သူ​အား​ကမ္ဘာ​မြေ​ကြီး ပေါ်​မှ​သုတ်​သင်​ပယ်​ရှင်း​လော့။ သူ့​အား​သတ် လော့။ သူ​သည်​အ​သက်​ရှင်​ရန်​မ​သင့်'' ဟု အ​သံ​ကုန်​ဟစ်​အော်​ကြ​၏။-


ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။


သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ