လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။-
သူကြီး 2:18 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။- Garrad Bible ထို သို့ တ ရား မင်း တို့ ကို ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ သော အ ခါ ညှဉ်း ပန်း နှိပ် စက် သူ တို့ အ ကြောင်း ကြောင့် မြည် တမ်း ကြ သ ဖြင့်၊ ထာ ဝ ရ ဘု ရား၏ စိတ် တော် မ သာ မ ယာ ရှိ သည် နှင့် ထို မင်း ကာ လ မ လွန် မ ချင်း၊ သူ နှင့် အ တူ ရှိ သည့် အ လျောက် ရန် သူ တို့ လက် မှ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် တော် မူ ၏။ Judson Bible ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ |
လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။-
ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။
သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။
ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။
ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။