ယောန 3:10 - Common Language Bible10 ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။ အခန်းကိုကြည့်ပါ။Garrad Bible10 မြို့ သား တို့ သည် လည်း၊ ဒု စ ရိုက် လမ်း မှ ကြဉ် ရှောင် ၍၊ အ ကျင့် အ မူ များ ကို ဘု ရား သ ခင် သိ မြင် လျှင်၊ မိန့် မြွက် တော် မူ ခဲ့ သော ဘေး ဒဏ် မှ စိတ် တော် ပြောင်း လဲ၍၊ မ ပေး ဘဲ နေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သူတို့ပြုကျင့်သည့်မကောင်းသောလမ်းမှပြန်လှည့်လာကြကြောင်း သူတို့၏အပြုအမူများကို ဘုရားသခင် မြင်သောအခါ စိတ်တော်ပြောင်းလဲ၍ သူတို့အပေါ်ဘေးဆိုးကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ပြန်ရုပ်သိမ်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
ဘုရားသခင်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးတော်မူရန် ကောင်းကင်တမန်တစ် ပါးစေလွှတ်တော်မူပြီးမှစိတ်ပြောင်းလဲ တော်မူ၍``ဤမျှနှင့်တော်လောက်ပြီ။ ရပ် တန့်လော့။ ဆက်၍မဖျက်ဆီးနှင့်'' ဟု ထို ကောင်းကင်တမန်အားမိန့်တော်မူ၏။ ကောင်းကင်တမန်သည်ယေဗုသိအမျိုး သားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။