မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
သူကြီး 14:17 - Common Language Bible ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။- Garrad Bible ထို ပွဲ ခံ ရာ ခု နစ် ရက် အ တွင်း ငို ကြွေး သည့် ပြင် နောက် ဆုံး နေ့၌ ပူ စာ သ ဖြင့် မိန်း မ အား ဖော် ပြ ရာ မိန်း မ လည်း ဆွေ မျိုး သား ချင်း တို့ ကို ဖော် ပြော လေ ၏။ Judson Bible ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သောနေ့၌ အလွန်ပူဆာသောကြောင့် အနက်ကိုဖော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။ |
မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။-
အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
သို့ဖြစ်၍ခုနစ်ရက်မြောက်သောနေ့၌အိပ် ခန်းအတွင်းသို့ ရှံဆုန်မဝင်မီထိုမြို့သား တို့က၊ ``ပျားရည်ထက်ချိုမြိန်သောအရာ၊ ခြင်္သေ့ထက်သန်စွမ်းသောသူရှိနိုင်ပါသလော'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း ``အကယ်၍သင်တို့သည်ငါ၏နွားမနှင့် မထွန်မယက်ရလျှင် ငါ့စကားထာကိုဖော်ပြနိုင်ကြလိမ့်မည်မဟုတ်'' ဟုပြန်ပြောလေသည်။
ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။
ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။
သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။