Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 14:18 - Common Language Bible

18 သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊ ``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း ``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင် ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မြို့ သား တို့ က၊ ပျား ရည် ထက် မည် သည့် အ ရာ ချို သ နည်း။ ခြင်္သေ့ ထက် မည် သည့် သ တ္တ ဝါ သန် စွမ်း သ နည်း ဟု ခု နစ် ရက် မြောက် သော နေ့၊ နေ မ ဝင် မီ၊ ဖော် ဆို ကြ ရာ ရှံ ဆုန် က၊ ငါ့ နွား မ နှင့် မ ထွန် လင့် မူ။ ဖြေ ဖွင့် နိုင် သူ မ ရှိ ဟူ၍ ဆို ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မြို့​သား​တို့​သည် ခု​နစ်​ရက်​မြောက်​သော​နေ့ နေ​မ​ဝင်​မီ​လာ၍ ပျား​ရည်​ထက် အ​ဘယ်​အ​ရာ ချို​သ​နည်း။ ခြင်္သေ့​ထက် အ​ဘယ်​အ​ရာ​သန်​စွမ်း​သ​နည်း​ဟု ဖော်​ပြ​ကြ၏။ ရှံ​ဆုန်​က​လည်း၊ သင်​တို့​သည် ငါ့​နွား​မ​ပျို​နှင့်​မ​ထွန်​လျှင် ငါ့​စ​ကား​ဝှက်​အ​နက်​ကို ရှာ၍​မ​တွေ့​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို​မြို့သား​တို့​သည်​လည်း ခုနစ်​ရက်​မြောက်​နေ့​၊ နေ​မ​ဝင်​မီ ရှံဆုန်​အား “​ပျားရည်​ထက် မည်သည့်​အရာ​က ချို​သနည်း​။ ခြင်္သေ့​ထက် မည်သည့်​အရာ​က ခွန်အားကြီး​သနည်း​”​ဟု ဆို​ကြ​၏​။ ရှံဆုန်​က​လည်း သူ​တို့​အား “​ငါ​၏​နွားမတမ်း​နှင့်​မ​ထွန်​လျှင် ငါ့​စကားထာ​၏​အဖြေ​ကို သင်​တို့​ပြောပြ​နိုင်​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 14:18
6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။-


``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။


တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊


ငါ​သည်​သင်​တို့​အား​အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ကို ကျွေး​မွေး​၍ တော​ပျား​ရည်​ကို​သုံး​ဆောင်​စေ​မည်'' ဟု​ဆို​၏။


ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ