လုကာ 11:8 - Common Language Bible8 အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible8 မိတ် ဆွေ ဝတ် ကြောင့် ထ၍ မ ပေး သော် လည်း အ နှောင့် အ ရှက် ကြောင့် လို သ မျှ ကို ထ၍ ပေး လိမ့် မည် ငါ ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible8 ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သင်တို့အား ငါဆိုမည်။ ထိုသူသည် မိမိမိတ်ဆွေဖြစ်သည်ကိုထောက်၍ မည်သည့်အရာကိုမျှ ထ၍မပေးသော်လည်း အားမလျှော့ဘဲတောင်းဆိုသည်ကိုထောက်၍ လိုသမျှကို ထ၍ပေးလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 သင်တို့အား ငါပြောဆိုသည်မှာ ထိုအိမ်ရှင်သည် မိတ်ဆွေဖြစ်သည်ကို ထောက်၍ အိပ်ရာမှထ၍ ပေါင်မုန့်ကို ပေးလိမ့်မည်မဟုတ်။ သို့သော်လည်း သူ၏မဆုတ်မနစ်တောင်းနေခြင်းကြောင့် အိမ်ရှင်သည် ထ၍ သူလိုသမျှကို ပေးလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ8 ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-