သူကြီး 16:13 - Common Language Bible13 ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဒေ လိ လ က လည်း၊ ယ ခု တိုင် အောင် ကျွန် မ ကို လှောင်၍ မု သာ သုံး ခဲ့ ပြန် ပြီ။ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကို ဖော် ပြ ပါ ဟု ဆို သော် ရှံ ဆုန် က ကျစ် ဆံ ခု နစ် သွယ် ကို ရက် ကန်း သား နှင့် ရော ရက် လျှင် ဖြစ် မည် ဟု ဆို သည့် အ တိုင်း အခန်းကိုကြည့်ပါ။Judson Bible13 ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဒေလိလကလည်း ရှံဆုန်အား “သင်သည် ယခုချိန်ထိ အကျွန်ုပ်ကို လိမ်လည်လှည့်စားသေး၏။ သင့်ကို မည်သို့ ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါလော့”ဟု ဆိုပြန်ရာ ရှံဆုန်က သူ့အား “ငါ့ဆံပင်အစုခုနစ်စုကို ရက်ကန်းထဲသို့ တိုင်ချည်အဖြစ်ရက်သွင်းလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်မည်”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။