သူကြီး 16:12 - Common Language Bible12 သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ဒေ လိ လ သည် အိပ် ခန်း တွင် ချောင်း မြောင်း သူ တို့ ကို ထား လျက် လွန် ကြိုး အ သစ် ယူ၍ ချည် နှောင် ပြီး လျှင် အို ရှံ ဆုန် သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် ပြန် သော် ချည် မျှင် ကဲ့ သို့ လက် ရုံး ကြိုး များ ကို သူ ဖြတ် လိုက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ဒေလိလသည် ကြိုးသစ်တို့ကိုယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဒေလိလကလည်း ကြိုးအသစ်ကိုယူ၍ ရှံဆုန်အား ချည်နှောင်ပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုပြန်၏။ သူ့အခန်းထဲတွင် လူအချို့ချောင်းမြောင်းစောင့်ကြည့်နေကြ၏။ ရှံဆုန်သည် လက်မောင်း၌ချည်ထားသောကြိုးတို့ကို အပ်ချည်မျှင်ကဲ့သို့ ဖြတ်ပစ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-
ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။