Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:14 - Common Language Bible

14 ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ရက် သည့် ပြင် လက် ခတ် ခတ် ပြီး လျှင် အို ရှံ ဆုန် သင့် အ ပေါ် တွင် ဖိ လိ တ္တိ တို့ ရောက် ရှိ ပြီ တ ကား ဟု အော် ဟစ် သော် အိပ် ရာ မှ နိုး၍ ရက် ကန်း သား နှင့် တ ကွ ရက် ကန်း စင် ပါ ဆွဲ နုတ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဒေ​လိ​လ​သည် သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​ပြီး​မှ၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို​တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍၊ စို့၊ ရက်​ကန်း​စင်​နှင့် ရက်​ကန်း​သား​ပါ​ဆွဲ​နှုတ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:14
4 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကြိမ်​ဖန်​များ​စွာ​ကယ်​ဆယ်​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​မြဲ ပုန်​ကန်​ကြ​သ​ဖြင့် အ​ပြစ်​နွံ​တွင်​ပို​၍​သာ​နစ်​ကြ​ကုန်​၏။


ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။


သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ