ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
သူကြီး 10:15 - Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားတို့က ထာဝရဘုရားအား``အကျွန်ုပ်တို့သည် အပြစ်ကူးလွန်မိကြပါပြီ။ ကိုယ်တော် အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့ ရာတွင်ယခုတစ်ကြိမ်သာလျှင် အကျွန်ုပ် တို့အားကယ်ဆယ်တော်မူပါ'' ဟုအသ နားခံကြ၏။- Garrad Bible ထို သူ တို့ က၊ အ ကျွန်ုပ် တို့ ပြစ် မှား မိ ပါ ပြီ။ မျက် မှောက် တော် တွင် သင့် လျော် သည့် အ လျောက် စီ ရင် တော် မူ ပါ။ ယ ခု တစ် ခါ မျှ သာ ကယ် တော် မူ ပါ ဘု ရား ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် မြတ် ခံ ပြီး လျှင် Judson Bible ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်တို့၌ ပြုတော်မူပါ။ ယခု တစ်ကြိမ်သာကယ်နုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့တောင်းပန်ပါ၏ဟု ထာဝရဘုရားအားတောင်းလျှောက်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့သော် ယခုမှာ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ”ဟု လျှောက်ဆိုကြ၏။ |
ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။-
ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။