ယောန 2:4 - Common Language Bible4 အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ထို သို့ မျက် မှောက် တော် မှ နှင် ထုတ် ခြင်း ခံ ရ သော် လည်း၊ သန့် ရှင်း သော ဗိ မာန် တော် သို့ ထပ် မံ မျှော် ကြည့် ဦး မည် ဟု အောက် မေ့ လျက် နေ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-