ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
သုတ္တံကျမ်း။ 31:18 - Common Language Bible မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။ Garrad Bible ကိုယ်၏ ကုန် သွယ် ခြင်း ကောင်း သည် ဟု သိ မြင်၍၊ မီး ခွက် သည် တစ် ညဉ့် လုံး မ ငြိမ်း တတ်။ Judson Bible မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီးခွက်သည် တစ်ညလုံးမသေတတ်။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။ |
ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။