သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
သုတ္တံကျမ်း။ 29:16 - Common Language Bible မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။ Garrad Bible လူ ဆိုး တို့ ထွန်း ကား ရာ ကာ လ၊ လွန် ကျူး မှု တိုး ပွား သော် လည်း၊ ၎င်း တို့ ပြို လဲ ခြင်း ကို၊ သူ တော် ကောင်း တို့ မြင် ရ ကြ လိမ့် မည်။ Judson Bible မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ် တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့များပြားလာသောအခါ အပြစ်ကျူးလွန်ခြင်းသည်လည်း များပြားလာ၏။ သို့သော် သူတို့၏ပြိုလဲခြင်းကို ဖြောင့်မတ်သောသူတို့သည် တွေ့မြင်ရကြလိမ့်မည်။ |
သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။ သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။
ရန်သူတို့အရေးရှုံးနိမ့်ကြသည်ကိုကျွန်တော်မျိုး မြင်ရပါပြီ။ သူယုတ်မာတို့ငိုကြွေးသံကိုကြားရပါပြီ။
ကိုယ်တော်ရှင်၏ရန်သူတို့သည်သေကြေပျက်စီး ရကြမည်ကိုလည်းကောင်း၊ သူယုတ်မာအပေါင်းတို့သည် အရေးရှုံးနိမ့်ရကြမည်ကိုလည်းကောင်း ကျွန်တော်မျိုးတို့သိပါ၏။
တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။