Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 92:11 - Common Language Bible

11 ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ရန် သူ တို့ ကို စ က္ခု ဖြင့် စီး ကြည့်၍၊ တစ် ဘက် ၌ ထ ကြွ သော လူ ဆိုး တို့ အ ကြောင်း၊ သော တ ဖြင့် ကြား ရ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို အ​ကျွန်ုပ်​မျက်​စိ​မြင်​လျက်၊ ရန်​ဘက်​ပြု​သော လူ​ဆိုး​တို့​အ​ကြောင်း​ကို နား​ကြား​လျက်၊ အ​ကျွန်ုပ်​သည် အား​ရ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အဖြစ်​ကို​မြင်​ရ​ပါ​၏​။ အကျွန်ုပ်​၏​နား​သည်​လည်း အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အဖြစ်​ကို ကြား​ရ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 92:11
7 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။ မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။


သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့် ကြ​သည်​ကို တွေ့​မြင်​ရ​ပါ​ပြီ။


ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။


သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ