ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
သုတ္တံကျမ်း။ 13:17 - Common Language Bible မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။ Garrad Bible ဆိုး ယုတ် သော တ မန် သည်၊ မ ကောင်း မှု၌ ကျ ရောက် တတ်၏။ သစ္စာ ရှိ သော တ မန် မူ ကား၊ အ မှု ကို အောင် မြင် စေ တတ် ၏။ Judson Bible မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောစေတမန်သည် ဒုက္ခတွင်းထဲသို့ကျရောက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။ |
ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။-
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-
အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။