ယေဇကျေလ 3:18 - Common Language Bible18 ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible18 လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ မိန့် ဆို ရာ၌၊ သင် သည် ထို လူ ဆိုး ကို အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် ရန်၊ အ ဆုံး အ မ စ ကား ဖြင့် သ တိ မ ပေး လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် ထို လူ ဆိုး သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား သင့် ထံ ငါ တောင်း ဆို မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ အခန်းကိုကြည့်ပါ။ |
မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။