သုတ္တံကျမ်း။ 13:18 - Common Language Bible18 သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ဆုံး မ ခြင်း ကို ငြင်း ပယ် သော သူ သည်၊ ဆင်း ရဲ၍ အ ရှက် ကွဲ ရ လိမ့် မည်။ ပဲ့ ပြင် ခြင်း ကို လိုက် နာ သော သူ မူ ကား၊ ဂုဏ် ရှိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။