သုတ္တံကျမ်း။ 13:16 - Common Language Bible16 သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible16 လိ မ္မာ သော သူ ရှိ သ မျှ တို့ သည်၊ အ သိ ပ ညာ နှင့် ပြု လုပ် တတ် ကြ၏။ မိုက် မဲ သော သူ မူ ကား၊ မိုက် မဲ ခြင်း ကို ဖွင့် ပြ တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။