ယေရမိ 23:28 - Common Language Bible28 အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။- အခန်းကိုကြည့်ပါ။Garrad Bible28 မြင် မက် သော ပ ရော ဖက် သည်၊ အိပ် မက် ကို ဘာ သာ ပြန် ကြား စေ။ ငါ့ ဗျာ ဒိတ် ကို ခံ ရ သော ပ ရော ဖက် လည်း၊ ဗျာ ဒိတ် တော် ကို မှန် ကန် စွာ ဆင့် ဆို စေ။ စ ပါး နှင့် ယှဉ် လျှင်၊ ကောက် ရိုး မည် သို့ နည်း ဟူ၍ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible28 အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက်စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရသောသူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည် စပါးနှင့် အဘယ်သို့ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
ငါက၊ ``အမျိုးသမီးတို့၊ထာဝရဘုရားမိန့်တော်မူ သည်ကို နားထောင်ကြလော့။ ကိုယ်တော်ရှင်၏စကားတော်တို့ကို အာရုံစိုက်၍နာယူကြလော့။ သင်တို့၏သမီးများအားငိုကြွေးတတ်ရန် လည်းကောင်း၊ သင်တို့၏မိတ်ဆွေများအားမသာသီချင်းကို သီဆိုတတ်ရန်လည်းကောင်းသင်ကြားပေး ကြလော့။
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-