ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
ဝတ်ပြု 26:42 - Common Language Bible ငါသည်ယာကုပ်၊ ဣဇက်၊ အာဗြဟံတို့နှင့်ပြု ခဲ့သောပဋိညာဉ်ကိုသတိရ၍ ထိုပဋိညာဉ် အတိုင်းငါ၏လူမျိုးတော်အားခါနာန်ပြည် ကိုပေးတော်မူ၏။- Garrad Bible ယာ ကုပ်၊ ဣ ဇာက်၊ အာ ဗြ ဟံ တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို လည်း ကောင်း၊ ပြည် တော် ကို လည်း ကောင်း ငါ အောက် မေ့ လိမ့် မည်။ Judson Bible ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသော ပဋိညာဉ်ကိုလည်းကောင်း၊ ထိုပြည်ကိုလည်းကောင်း ငါအောက်မေ့မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ယာကုပ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်၊ အာဗြဟံနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တို့ကို ငါအောက်မေ့မည်။ သူတို့၏ပြည်ကိုလည်း ငါအောက်မေ့မည်။ |
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
ထာဝရဘုရားသည်သူ့အားကိုယ်ထင်ပြ ၍``သင်သည်အီဂျစ်ပြည်သို့မသွားနှင့်။ ငါ ပြလတ္တံ့သောပြည်၌နေထိုင်လော့။-
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-
သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။-
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
သို့ရာတွင်သင်ငယ်စဉ်အခါကငါပြုခဲ့သည့် ပဋိညာဉ်ကိုပြန်လည်သတိရ၍ သင်နှင့်ထာဝ စဉ်တည်မြဲသည့်ပဋိညာဉ်ကိုငါဖွဲ့ဦးမည်။-
ထိုနောက်ထာဝရဘုရားသည်မိမိ၏ပြည် တော်အတွက် စိုးရိမ်ပူပန်မှုကိုပြတော်မူ၍၊ မိမိ၏လူမျိုးတော်အားကရုဏာထား တော်မူ၏။
ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
ကိုယ်တော်၏အစေခံများဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့သတိရတော် မူ၍ ဤလူမျိုးတော်၏ခေါင်းမာမှု၊ မိုက်မဲမှု၊ အပြစ်ကူးလွန်မှုတို့ကိုသည်းခံတော်မူပါ။-
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-