ဝတ်ပြု 26:43 - Common Language Bible43 သို့ရာတွင်ပထမဦးစွာတိုင်းပြည်သည်အနား ရစေရန် ပြည်သူတို့ကိုဖယ်ရှားရမည်။ ငါ၏ ပညတ်တော်များနှင့်အမိန့်တော်များကိုပစ် ပယ်သည့်အတွက် ပြည်သူတို့သည်အပြစ်ဒဏ် ခံရမည်။- အခန်းကိုကြည့်ပါ။Garrad Bible43 စွန့် ခွာ ပြီး မြေ သည် သူ တို့ အ ပ ဖုန်း ဆိုး ကုန်း ဖြစ် လျက်၊ ထိုက် သင့် ရာ ဥ ပုသ် များ အ တွက် ဆက် ခံ လှည့် ယူ စဉ် တွင် သူ တို့ ကား ငါ့ ဆုံး ဖြတ် ချက် များ ကို စွန့် ပယ် လျက် ထုံး ဖွဲ့ ချက် များ ကို စက် ဆုပ် ကြ သော ကြောင့် ဒု စ ရိုက် ဒဏ် ဝန် ခံ ကြ လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible43 ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 သို့သော် သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များကို စွန့်ပယ်၍ ငါ၏ပြဋ္ဌာန်းချက်များကို ရွံရှာခဲ့သောကြောင့် သူတို့ကြောင့် စွန့်ပစ်ထားခြင်းခံရ၍ လူသူကင်းမဲ့သူတို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သူတို့မူကား ကိုယ့်အပြစ်အတွက် ပြန်ပေးဆပ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။