Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 26:44 - Common Language Bible

44 သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ထို မျှ လောက် ပြစ် မှား ကြ သော် လည်း သူ တို့ ဘု ရား သ ခင် ထာ ရ ဘု ရား ဖြစ် သော ကြောင့် ငါ သည် ပ ဋိ ညာဥ် တော် ကို ဖျက်၍ သူ တို့ ကို ကုန် ခမ်း စေ ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း၊ စက် ဆုပ် ခြင်း မ ပြု ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ဤသို့​ဖြစ်၍ ရန်သူ​တို့​၏​ပြည်​၌ သူ​တို့​နေ​ကြ​ရ​သော်လည်း ငါ​သည် သူ​တို့​ကို​ဖျက်ဆီး​သည်​အထိ​၊ သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ရ​သည်​အထိ သူ​တို့​ကို ငါ​ငြင်းပယ်​မည်​မ​ဟုတ်​၊ ရွံရှာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:44
20 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။


သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။


သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။


ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။


သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။ သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။


ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။


ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-


ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-


ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-


ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ဗော​ခိမ်​မြို့​သို့​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ပြီး​လျှင် သင်​တို့​ဘိုး​ဘေး​တို့​အား​ငါ​က​တိ​ပြု​ခဲ့​သည့် ပြည်​သို့​ပို့​ဆောင်​ပေး​ခဲ့​၏။ ငါ​သည်​သင်​တို့​နှင့် ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ ဖျက်​လိမ့်​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ