လုကာ 1:72 - Common Language Bible72 ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း72-75 ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း72 ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ |
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-