ဧသတာ 4:14 - Common Language Bible14 အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible14 သင် သည် ယ ခု ကာ လ ဆိတ် ဆိတ် နေ ခဲ့ မူ၊ ယု ဒ လူ မျိုး တို့ ဘေး လွတ် ခြင်း ချမ်း သာ တစ် နည်း နည်း ပေါ် ပါ လိမ့် မည်။ သင် ကား၊ ဆွေ မျိုး ညာ တိ တို့ နှင့် တ ကွ ပျက် စီး ရ လိမ့် မည်။ သင် မိ ဖု ရား ဖြစ် ရ သည် မှာ၊ ယ ခု အ မှု ဆောင် ရွက် ရန် ဖြစ် သည် မ ဖြစ် သည် ကို၊ မည် သူ သိ နိုင် အံ့ နည်း ဟု ပြန် ကြား လိုက် သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ဤအချိန်တွင် သင်နှုတ်ဆိတ်နေမည်ဆိုပါက ဂျူးလူမျိုးတို့ကို လွတ်မြောက်အောင် ကယ်တင်ပေးမည့်သူသည် အခြားတစ်နေရာမှပေါ်လာလိမ့်မည်။ သင်နှင့်သင့်ဖခင်အမျိုးအနွယ်မူကား ပျက်စီးရလိမ့်မည်။ ဤအချိန်ကာလအတွက် သင်သည် မိဖုရားဖြစ်လာခဲ့သလောဟု အဘယ်သူ သိနိုင်မည်နည်း”ဟု မှာကြားလိုက်၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။