သီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင် ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။
ဝတ်ပြု 25:9 - Common Language Bible ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။- Garrad Bible နှစ် ပေါင်း လေး ဆယ့် ကိုး နှစ် စေ့ သော် သ တ္တ မ လ၊ ဒ သ မ နေ့၊ အ ပြစ် ဖြေ ရာ နေ့၌၊ Judson Bible သတ္တမလဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တစ်ပြည်လုံး မှုတ်စေရမည်။ မြန်မာ့စံမီသမ္မာကျမ်း သတ္တမလ၊ ဆယ်ရက်နေ့၌ သင်သည် တံပိုးကို ကျယ်လောင်စွာမှုတ်ရမည်။ အပြစ်ဖြေလွှတ်ခြင်းနေ့၌ သင်တို့သည် တစ်ပြည်လုံးအနှံ့ တံပိုးကို မှုတ်ရမည်။ |
သီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင် ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။
သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-
သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
ထိုနေ့တွင်သူတို့သည်ဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းငှာအပြစ်ဖြေခြင်း ဝတ်ကိုပြုရမည်။-
ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-
ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ပြုမူကျင့် ကြံမှုကြောင့်သခင်ဘုရား၏တရားတော်သည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့တွင် ပျံ့နှံ့သွားသည်သာမက ဘုရားသခင်အား သင်တို့ယုံကြည်ခြင်းသတင်းသည်အရပ် တကာသို့ရောက်ရှိသွားပေသည်။ သို့ဖြစ်၍ ငါတို့ပြောဆိုရန်မလိုတော့ချေ။-
ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည်တံပိုးခရာ တစ်လုံးစီကိုင်၍ ပဋိညာဉ်သေတ္တာတော်ရှေ့က သွားရမည်။ သတ္တမနေ့တွင်ယဇ်ပုရောဟိတ်တို့ သည်တံပိုးခရာမှုတ်၍ရှေ့ဆောင်လျက် သင်နှင့် သင်၏စစ်သည်တို့သည်မြို့ကိုခုနစ်ကြိမ် ပတ်ရကြမည်။-