Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:4 - Common Language Bible

4 ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သေတ္တာ​တော်​ရှေ့​မှ​နေ​၍ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သွား​ရ​မည်​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် မြို့​ကို ခုနစ်​ပတ်​လှည့်ပတ်​ရ​မည်​။ တံပိုး​ကို​မှုတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:4
33 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သတ္တ​မ​နေ့​၌​ဖန်​ဆင်း​ခြင်း​အ​မှု​ပြီး သ​ဖြင့်​ရပ်​နား​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ထို​နေ့​ရက်​ကို​ကောင်း​ချီး​ပေး​၍ အ​ထူး​နေ့ အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။-


မိ​မိ​၏​အ​စေ​ခံ​အား``သင်​သွား​၍​ပင်​လယ်​သို့ မျှော်​ကြည့်​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​သွား​၍​ကြည့်​ရာ​မှ​ပြန်​လာ​ပြီး နောက်``အ​ဘယ်​အ​ရာ​ကို​မျှ​ကျွန်​တော်​မ​မြင် ပါ'' ဟု​ပြော​၏။ ဧ​လိ​ယ​သည်​မိ​မိ​၏​အ​စေ​ခံ အား ဤ​နည်း​အ​တိုင်း​ခု​နစ်​ကြိမ်​တိုင်​တိုင်​သွား ၍​ကြည့်​စေ​၏။-


ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-


သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-


ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။


ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။


မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။


သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။


လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-


သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး​ကို ကန့်​လန့်​ကာ​တော်​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-


``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-


ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-


ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။


ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။-


သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-


ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​၏​လက်​ယာ​တော်​လက်​တွင်​သင်​မြင်​တွေ့​ရ သည့်​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​ခု​၏ လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ မီး​ခွက်​ခု​နစ် လုံး​သည်​အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​၍ ကြယ် ခု​နစ်​လုံး​သည်​ထို​အ​သင်း​တော်​ခု​နစ်​ပါး​ကို စောင့်​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။


ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-


ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-


ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။


သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြည့်​လျက်​ရှိ သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို​ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား​ပေး​အပ်​၏။-


ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။-


ထို​နောက်​သိုး​သူ​ငယ်​သည်​သက်​ရှိ​သတ္တဝါ​လေး ပါး​တို့​နှင့်​အ​ကြီး​အ​ကဲ​များ​ခြံ​ရံ​လျက်​ရှိ သည့်​ပလ္လင်​တော်​အ​လယ်​၌​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​၏။ သူ​သည်​ယဇ်​ပူ​ဇော်​ရန်​အ​သတ် ခံ​ရ​ပြီး​သည့်​သိုး​နှင့်​တူ​၏။ သူ့​မှာ​ဦး​ချို​ခု​နစ် ချောင်း​နှင့်​မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ယင်း​တို့​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ဘု​ရား​သ​ခင်​စေ လွှတ်​တော်​မူ​သော​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​၏။-


ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။


ထို​နောက်​တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ကိုင်​ထား သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ