| ဝတ်ပြု 27:17 - Common Language Bible17 ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-အခန်းကိုကြည့်ပါ။ Garrad Bible17 မင်္ဂ လာ နှစ် တွင် သီး သန့် ထား လျှင် သင် ပြတ် သော တန် ဖိုး တည် စေ။အခန်းကိုကြည့်ပါ။ Judson Bible17 ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ဖြတ်သည်အတိုင်း အဖိုးရှိရမည်။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း17 ထိုသူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်၌ ဆက်ကပ်လိုလျှင် သင်ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။အခန်းကိုကြည့်ပါ။ | 
တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-