ဝတ်ပြု 16:20 - Common Language Bible20 အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible20 သန့် ရှင်း ရာ ဌာ န တော်၊ တွေ့ ဆုံ ရာ တဲ တော်၊ ပူ ဇော် ရာ ပ လ္လင် တော် ပြစ် အ ဖို့ ဖြေ ခြင်း ကို အ ဆုံး သတ် ပြု ပြီး နောက် အာ ရုန် သည် အ ရှင် ထား သော ဆိတ် ကို တင် သွင်း ၍၊ အခန်းကိုကြည့်ပါ။Judson Bible20 ထိုသို့ သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့ သန့်ရှင်းရာဌာန၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီးသောအခါ အသက်ရှင်သောဆိတ်သငယ်ကို ယူလာရမည်။ အခန်းကိုကြည့်ပါ။ |
ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။
သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။