စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
ဝတ်ပြု 20:17 - Common Language Bible တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် အ ဘ ပါ သ မီး သော် လည်း ကောင်း၊ အ မိ ပါ သ မီး သော် လည်း ကောင်း၊ နှ မ ကို သိမ်း ယူ ၍ ဆက် ဆံ လျှင် ရှက် ကြောက် ဖွယ် မှု ဖြစ် သော ကြောင့် အ မျိုး သား တို့ မျက် မှောက် တွင် ပင် ပယ် ရှား ခံ ကြ စေ။ ကိုယ့် နှ မ နှင့် ဆက် ဆံ သည့် အ လျောက် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။ Judson Bible ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။ |
စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။-
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။-
နှမအရင်းနှင့်သော်လည်းကောင်း၊ တစ်အိမ် တည်းသို့မဟုတ် အိမ်ခွဲ၍ကြီးပြင်းလာသော ဖအေပါ၊ မအေပါသမီးနှင့်သော်လည်း ကောင်း ကာမစပ်ယှက်ခြင်းမပြုရ။-
မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။
`` `မောင်နှမချင်းနှင့်ဖြစ်စေ၊ မိတူဖကွဲမောင်နှ မချင်းနှင့်ဖြစ်စေ၊ ဖတူမိကွဲမောင်နှမချင်း နှင့်ဖြစ်စေ၊ ကာမစပ်ယှက်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။