Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 22:11 - Common Language Bible

11 သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သူ့ မ ယား နှင့် ရွံ ရှာ ဖွယ် အ မှု ကို ပြု သူ၊ ချွေး မ ကို အ ဗြ ဟ္မ ပြု သူ၊ ဘ စုံ နှ မ ကို ရှုတ် ချ သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင့်​အ​လယ်၌ အ​ချို့​တို့​သည် အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​ချွေး​မ​နှင့် ဆိုး​ညစ်​သော​အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​နှ​မ၊ မိ​မိ​အ​ဘ၏​သ​မီး​ကို ရှုတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 တစ်ယောက်​က အိမ်နီးချင်း​မယား​နှင့် ဖောက်ပြန်​၍ တစ်ယောက်​က ချွေးမ​ကို ညစ်ညမ်း​အောင်​ပြု​၏​။ တစ်ယောက်​က အဖေတူအမေကွဲ​အစ်မ​၊ သို့မဟုတ် နှမ​ကို အဓမ္မပြုကျင့်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 22:11
25 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။-


မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။


သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။


ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။


ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင် သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။ သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။


သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-


သင်​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​ကို​အား​ကိုး ကြ​၏။ သင်​တို့​အ​ကျင့်​များ​သည်​လည်း​စက် ဆုပ်​ဖွယ်​ကောင်း​၏။ လူ​တိုင်း​ပင်​သူ​တစ်​ပါး ၏​အိမ်​ရာ​ကို​ပြစ်​မှား​ကြ​၏။ သို့​ပါ​လျက် ဤ​ပြည်​ကို​သင်​တို့​အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ် ကြောင့်​ထင်​မှတ်​ကြ​သ​နည်း။


သင်​၏​ချွေး​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-


သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-


ထာ​ဝ​ရ​ဘု​ရား​သည်​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို ချ​မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည် ဆွေ​မျိုး​နီး​စပ်​သူ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-


နှ​မ​အ​ရင်း​နှင့်​သော်​လည်း​ကောင်း၊ တစ်​အိမ် တည်း​သို့​မ​ဟုတ် အိမ်​ခွဲ​၍​ကြီး​ပြင်း​လာ​သော ဖ​အေ​ပါ၊ မ​အေ​ပါ​သ​မီး​နှင့်​သော်​လည်း ကောင်း ကာ​မ​စပ်​ယှက်​ခြင်း​မပြု​ရ။-


တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-


တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သွေး​နီး​စပ်​သူ​ခြင်း​ဖောက်​ပြန်​ခြင်း​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။-


တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-


လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊-


``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။


`` `မောင်​နှ​မ​ချင်း​နှင့်​ဖြစ်​စေ၊ မိ​တူ​ဖ​ကွဲ​မောင်​နှ မ​ချင်း​နှင့်​ဖြစ်​စေ၊ ဖ​တူ​မိ​ကွဲ​မောင်​နှ​မ​ချင်း နှင့်​ဖြစ်​စေ၊ ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။


ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ