တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
ဝတ်ပြု 11:46 - Common Language Bible ဤပညတ်သည်ကားတိရစ္ဆာန်များနှင့်ငှက် များ၊ ရေသတ္တဝါနှင့်ကုန်းသတ္တဝါများနှင့် ဆိုင်သောပညတ်ဖြစ်သတည်း။- Garrad Bible မ သန့် သော အ ရာ၊ သန့် သော အ ရာ၊ စား အပ် သော သ တ္တ ဝါ၊ မ စား အပ် သော သ တ္တ ဝါ များ ကို ပိုင်း ခြား ကြ ရန်၊ သား ယဉ် သား ရဲ၊ အ တောင် ရှိ သ တ္တ ဝါ၊ ရေ၌ နေ လျက် လှုပ် ရှား သော သ တ္တ ဝါ၊ မြေ ရှိ ပေါ များ သော သ တ္တ ဝါ စု တိုင်း ဆိုင် ရာ တ ရား ကား ထို သို့ တည်း ဟု မိန့် တော် မူ ၏။ Judson Bible ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှာ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သောတိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှနှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍ |
တစ်ဖန်ဘုရားသခင်က``ရေထဲ၌သက်ရှိသတ္တ ဝါအမျိုးမျိုးဖြစ်ပွားစေ၊ လေထဲ၌လည်းငှက် များပျံဝဲစေ'' ဟုအမိန့်ပေးသည့်အတိုင်းရေ သတ္တဝါနှင့်ငှက်သတ္တဝါများဖြစ်ပွားလာ ကြ၏။-
သို့ဖြစ်၍ဘုရားသခင်သည်ပင်လယ်ငါးသတ္တ ဝါကြီးများအစရှိသောရေသတ္တဝါအမျိုး မျိုး၊ ငှက်အမျိုးမျိုးတို့ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုအမှုအရာကိုရှုမြင် ၍နှစ်သက်တော်မူ၏။-
ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။
ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
ဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။-