ယေဇကျေလ 43:12 - Common Language Bible12 ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ဗိ မာန် တော့် ဆိုင် ရာ ဥ ပ ဒေ သ ကား၊ တောင် တော် ပေါ် ရှိ နယ် နိ မိတ် အ တွင်း၊ တစ် ပြင် လုံး သီး သန့်၏။ ဗိ မာန် တော့် ဆိုင် ရာ ဥ ပ ဒေ သ ကား၊ ထို သို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible12 တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏တရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏တရားပေတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဤကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက် ဖြစ်၏။ တောင်ထိပ်တစ်ခုလုံးသည် အထူးသန့်ရှင်းရာနေရာဖြစ်၏။ ဤသည်ကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။